စလော့ဂိမ်း Breakdown - အပိုင်း(၁)
စလော့ ဂိမ်းအမျိုးအစားများ - Classic, Progressive, Multi-Reel, 3D, VR, i-Slots, Penny
စလော့
တစ်ခုထုတ်ဖို့ လုပ်ငန်းစဥ် - Brainstorming → Market Research → Outline
Requirements → Sketching and Wireframing → MVP Development → Design →
Development → Testing → Launch → Marketing → Updates
**Brainstorming အဆင့်မှာ ဆိုက်ကော်လောဂျစ်တွေ ပါ ပါဝင်လေ့ရှိပါတယ်
လိုအပ်သည့်နည်းပညာများ -
ဒီဇိုင်းပိုင်းအတွက် - Adobe Photoshop, Pixelmator, GIMP, Inkscape
3D Modeling ပိုင်း - Blender, Autodesk 3ds Max, Maya, Adobe After Effects, Cinema 4D
UIဒီဇိုင်းအတွက် - Adobe XD, Axure RP, InVision, Figma
ဂိမ်းအင်ဂျင် - Unity, Unreal Engine, CryEngine, Lumberyard, Godot, GameMaker Studio, Buildbox
Programing - C++, Java, JavaScript, HTML5, C#, Python, Lua
"စလော့ လောက အခေါ် အဝေါ်များ "
"စလော့ တစ်ခု ဘယ်လို အလုပ်လုပ်လဲ "
စလော့ဂိမ်းတစ်ခုက RNG လို့ခေါ် တဲ့ random number generator ကိုအသုံးပြုပါတယ်
သည် စနစ်ကပဲ ဘယ်သင်္ကေတ တွေ ဘယ်နေရာမှာ ကျမယ်ဆိုတာကို ဆုံးဖြတ်ပေး ပါတယ် RNG က စက္ကန့် တိုင်းမှာ ကိန်းဂဏန်းသောင်းချီ ထုတ်ပေးနေတဲ့
Algorithm
အရ ကိန်းဂဏန်းတွေကို ထုတ်ပေးပါတယ် ကစားသမားက spin ကိုနှိပ်လိုက်တာနဲ့
ထုတ်ပးနေတဲ့ ဂဏန်းတွေကို ရပ်လိုက်ပြီး အဲ့ရပ်လိုက်တဲ့
ဂဏန်းတွေအရ symbol တွေက Reel ,Row တွေ ပေါ် မှာကျပါတယ် စလော့ နည်းပညာရှင်တွေရဲ့ အဆိုအရ
တစ်ခါ ကျတဲ့ပုံစံက နောက် တစ်ခါ ပုံစံတူ ထပ်မကျ ဘူးလို့ ဆိုပါတယ်
Slot Game Volatility (ရှုံးနိုင်ခြေ )
-စလော့ ဂိမ်းတွေရဲ့ အဝင် နေရာမှာ Volatility ဆိုတဲ့ စာသားနဲ့အတူ အချို့က ကိန်းဂဏန်း အချို့ က ကြယ် ပွင့်တွေ နဲ့ပြသပေးလေ့ရှိပါတယ်
သူကတော့ သည်စလော့ရဲ့ အန္တရယ် တနည်း စား နိုင်ခြေ တစ်နည်းရှုံးနိုင်ခြေ ပမာဏ ခန့်မှန်းစနစ်ဖြစ်ပါတယ်
သူ့မှာ သတ်မှတ်ချက်အချို့ရှိပါတယ်
Low Volatility - သည်အခြေအနေက ပေးလိုင်းတွေ ကျနိုင်ချေများတဲ့ အခိုက်အတန့်ပါ ကြယ်ပွင့် အနည်းငယ်ပဲပြထားတဲ့အချိန်ပါ
ပေးလိုင်းကျနိုင်ခြေများပေမယ့် payout နှုန်းကတော့ နည်းနေပါလိမ့်မယ်
High
Volatility - ဒါကတော့ ပေးလိုင်းတွေ ကျနိုင်ခြေ နည်းပါတယ် သို့သော်
တစ်ဖက်မှာ ဂျက်ပေါ့ နဲ့ အခြား ကြီးမားတဲ့ ဆုတွေ ကျနိုင်ခြေ
များတဲ့အချိန်ဖြစ်ပါတယ်
Gate of olympus မှာဆို High vol အချိန်မှာပဲ 500x 200x တွေ ကျလေ့ရှိပါတယ်
သို့သော် ကစားသူအများစုကတော့ ဒီအချက်တွေကို ကြည့်လေ့မရှိပါဘူး
"စလော့ ဂိမ်း ထုတ်လုပ်ပုံ"
စလော့ ဂိမ်းထုတ်ဖို့အတွက် ယေဘူယျ အားဖြင့် အဆင့် ၃ ခုရှိပါတယ်
-Slot
Machine Art - ဒါကတော့ စလော့ ရဲ့ ဒီဇိုင်း Art,သင်္ကေတ symbol နဲ့ စလော့
ရဲ့ Theme(ရှေးခေတ်စတိုင် နတ်ဘုရားစတိုင် စသည်) တို့ ကို စဥ်းစားတာပါ
Slot Machanics- သည်အပိုင်းမှာတော့ စလော့မှာ ပေးမယ့်ဆုတွေကို သတ်မှတ်တွက်ချက်ပါတယ်
Slot App Dev - ဒါကတော့ Programmer တွေရဲ့ အလှည့်ပါ လော့ဂျစ်တွေထုတ်မယ် ဂိမ်းအင်ဂျင်ဆောက်မယ် ပလက်များ အသီးသီးအတွက် ပြင်ဆင်မယ်
အသေးစိပ်ကျကျ ကို နောက်ပို့စ်မှာ ထပ်ရှင်းပေးပါမယ်
Author :


Comments
Post a Comment